မိန်းမနှင့်ကွဲ၍ အရက်အလွန်အကျွံသောက်သူ အမျိုးသား ရထားကြိတ်သေဆုံးမှု ပေါင်မြို့တွင်ဖြစ်ပွား

ပါင်မြို့နယ်နေသူမှာ ရထားသံလမ်း(၂)ခုကြားတွင် ခေါင်းပြတ်၍ ခန္ဓာကိုယ်ကျောတွင် ပွန်းပဲ့ဒဏ်ရာ၊ ရင်ဘ တ်တွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ မှောက်လျှက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်သည်။ “သေဆုံးသူရဲ့ကျောပိုးအိတ်ထဲမှာတွေ့တဲ့ ဖုန်းနံပါတ်ကိုဆက်မေးကြည့်တော့ ဒီလူက လွန်ခဲ့တဲ့ နှစ်လလောက်က မိန်းမနဲ့ ကွဲပြီး လမ်းမှာလိုက်သွားနေတယ်လို့ သိရပါတယ်။ အရက်လည်းအလွန်အကျွံသောက်လို့ ကျန်းမာရေးလည်းမကောင်း ဘူးလို့ သူနဲ့ဆွေမျိုးတော်စပ်သူတဦးဆီက သိရပါတယ်”ဟု ရဲအုပ်တင်ညွန့်က News Watch သို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ရဲအုပ် တင်ညွန့်မှ တရားလိုပြုလုပ်တိုင်ကြားသဖြင့် ပေါင်မြို့မရဲခန်း က သေမှုသေခင်းနှစ်စဉ်အမှတ်-(၂၃/၂၀၁၇)ဖြင့် အမှုဖွင့်ထားဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရ သ ည်။

ခေါက်ချိုး##ကျော်သက်ထွေး

Comments